ကျေးလက်တွေမှာလည်း ဒီလိုရှိတယ်
08-Nov-2017မြို့ဆေးခန်းသို့ရောက်လာသော လူနာအား ဆရာဝန်က -
“ ကျွန်တော့်ဆီမရောက်ခင် ဘယ်မှာကုခဲ့သေးလဲ ”
“ ရွာက ရမ်းကုတစ်ယောက်နဲ့ ခြောက်လလောက်ကုခဲ့ပါတယ်ဆရာ ”
“ အဲဒါခက်တာပေါ့ .. တကယ်ဆို ဖြစ်ဖြစ်ချင်း ဆေးရုံ၊ ဆေးခန်းရှိတဲ့ နီးစပ်ရာကို သွားပြီး ဆရာဝန်နဲ့ပြသင့်တာပေါ့ ”
“ ကျွန်တော်တို့ရွာမှာလည်း ဆေးခန်းရှိပါတယ်ဆရာ ”
“ ဒါဆိုဘာလို့သွားမပြတာလဲ ”
“ ဆရာဝန်က အလုပ်ခန့်စာရောက်ပြီးကတည်းက ခုထိရောက်မလာသေးလို့ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်